ကျွန်ူပ်တို့ဘာလုပ်မလဲ

RDC သည် U.S. တွင် အသစ်ဝင်လာသော မိသားစုများဘဝသို့ ကူးပြောင်းခြင်းကို ပံ့ပိုးရန်အတွက် အင်္ဂလိပ်ကျူရှင်မှ လူငယ်များအား လမ်းညွှန်ပေးခြင်းအထိ လူကိုယ်တိုင်နှင့် ပရိုဂရမ် အမျိုးမျိုးကို ပံ့ပိုးပေးပါသည်။

ဒီစီမှာ ဘာတွေလုပ်လဲ - RDC အာဒီစီ မှ လူကိုယ်တိုင်ဖြစ်စေ အင်တာနက်မှ တစ်ဆင့်ဖြစ်စေ အစီအစဉ်များ ကမ်းလှမ်းနေပြီဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက သို့မဟုတ် ပါဝင်လိုပါက RDC သို့ဆက်သွယ်ရန် - info@rdclansing.org here

အင်္ဂလိပ်ဘာသာ အစီအစဉ် : အင်္ဂလိပ်ဘာသာ အစီအစဉ်သည် အသက် ၁၆နှစ်ပြည့်ပြီးဖြစ်သော ကျောင်းသားတိုင်း အင်္ဂလိပ်စာကျွမ်းကျင်မှု တိုးတက်စေရေးအတွက် ဖြစ်သည်။ အင်္ဂလိပ်စာ အဆင့် ၆ ဆင့်ကို ပုံစံအမျိုးမျိုးဖြင့် သင်ကြားပို့ချပေးမည်ဖြစ်သည်၊ ဤအစီအစဉ်မှ ကူညီပေးခြင်းအားဖြင့် ပါဝင်သင်ယူသူတိုင်း၏ အင်္ဂလိပ်စာလေ့လာမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့ကို တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။

သီးသန့်သင်ပြခြင်း : သီးသန့် သင်ပြခြင်း ကျူတာအစီအစဉ်သည် မိသားစုဝင်အားလုံးအတွက် ရရှိနိုင်ပြီဖြစ်သည်။ အင်္ဂလိပ်စာ လေ့လာခြင်း၊ ကွန်ပျူတာလေ့လာခြင်း၊ ကျောင်းသင်ခန်းစာ လေ့ကျင့်ခန်း၊ အလုပ်အတွက် ပြင်ဆင်ခြင်း၊ အလုပ်အကိုင် တိုးတက်ရေးနှင့် ကျောင်းသင်တန်းသားများ တောင်းဆိုသော အခြားနယ်ပယ်များအတွက်လည်း ပါဝင်သည်။

လူငယ် ညွှန်ပြဆရာ  : လူငယ်များအတွက် ညွှန်ပြဆရာအစီအစဉ်သည် အသက် ၁၅-၂၄ နှစ်ရှိ ကျောင်းသားများအတွက် ရနိုင်ပြီဖြစ်သည်။ လူငယ်များကို ညွှန်ပြဆရာတစ်ယောက်စီနှင့် တွဲဖက်ပေးပြီး ခင်မင်ရင်းနှီးမှုတည်ဆောက်ရေး၊ ကောလိပ်တက်ရန်နှင့် အလုပ်အကိုင် ပြင်ဆင်မှုတို့ကို အာရုံစိုက်ရေးနှင့် လူငယ်လူရွယ်အနေဖြင့် ဘဝကိုမောင်းနှင်ရန် လေ့လာခြင်းတို့ဖြစ်ပါသည်။

ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးပျူငှာ ခေါင်းဆောင်များ : ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးပျူငှာ ခေါင်းဆောင်များသည် ဦးဆောင်ခြင်း၊ စိတ်ပါဝင်စားစေခြင်း၊ အကြံပေးခြင်းနှင့် RDC မိသားစုဝင်များအတွက် ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ အရည်အချင်းပြည့်မီ အစီအစဉ်များကို ပုံဖော်ရေးဆွဲပြီး လက်တွေ့လုပ်ဆောင်ပေးပါသည်။

ကျောင်းမိတ်ဆက်နေ့ School Orientations : ကျောင်းမိတ်ဆက်နေ့ခေါ် School Orientations မှ ကျောင်းသားများကို မိမိတက်ရောက်မည့် ကျောင်းအသစ်တွင် အောင်မြင်စွာ သင်ကြားနိုင်ရန် လူငယ်များနှင့် သူတို့၏ မိသားစုဝင်များကို အသိပေးကာ ကျောင်း၏ဝန်ထမ်းများ၊ ကျောင်းသား ပညာသင်နှစ်နှင့် အမူအကျင့်ဆိုင်ရာ ရည်မှန်းချက်များ ရှင်းလင်းခြင်း၊ မိမိတက်ရောက်မည့် ကျောင်းအဆောက်အအုံတို့ကိုပြသခြင်းတို့ ပြုလုပ်ပေးပါသည်။

G.L.O.B.E (အင်္ဂလိပ်စာပိုမိုကောင်းမွန်ခြင်းမှတဆင့် လေ့လာမှုအခွင့်အလမ်းများ ဆည်းပူးခြင်း) စခန်းချခရီး အစီအစဉ် : GLOBE နွေရာသီ အပျော်စခန်းချခရီး အစီအစဉ်သည် အသစ်ရောက်လာသောလူငယ်များအတွက် မိမိတို့၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရေး၊ မိမိတို့၏ အင်္ဂလိပ်စာ အရည်အသွေးပိုမိုတိုးတက်စေရေးနှင့် ဘဝအတွက် မိတ်ဆွေသူငယ်ချင်းခင်မင်မှုတို့ ရရှိနိုင်ရန် အခွင့်အရေးဖန်တီးပေးပါသည်။

EFEL (မိသားစုများ ရှေးဦးစွာ စာတတ်မြောက်မှုအတွက် စိတ်ပါဝင်စားခြင်း) : EFEL အစီအစဉ်မှ ရွှေ့ပြောင်းခိုလှုံသူ မိဘများနှင့် အသက် ဝ-၅နှစ်အရွယ် သားသမီးများကို သီချင်းများ သီဆိုလေ့ကျင့်ခြင်း၊ ဂိမ်းကစားခြင်း နှင့် သင်ကြားလေ့လာရေး လှုပ်ရှားမှုတို့ ပြုလုပ်ပေးသည်။ EFEL သို့ ဤနေရာတွင် စာရင်းသွင်းပါ။

ပေါင်းကူးတံတားများ : ပေါင်းကူးတံတားများအစီအစဉ်သည် အရွယ်ရောက်ပြီးဖြစ်သော လူကြီးများအတွက် မိဘအုပ်ထိန်းမှုနည်းလမ်းများ၊ သတင်းအချက်အလက်၊ ကျွမ်းကျင်မှုများနှင့် ရွှေ့ပြောင်းခိုလှုံသူ ကလေးများ၊ မိသားစုများ တိုးတက်ကြီးပွားစေရန် ထောက်ပံ့မျှဝေခြင်းတို့ပြုလုပ်ပေးပါသည်။

အသီးအနှံပုံး : အသီးအနှံပုံးအစီအစဉ်မှ အသစ်ရောက်ရှိလာသူ မိသားစုများအတွက် လတ်ဆတ်သော အသီးများနှင့် ဟင်းသီးဟင်းရွက်များ အပါတ်စဉ် အိမ်တိုင်ရာရောက်ပို့ပေးခြင်းတို့ကို အဲယ်လန် ရပ်ကွက်စင်တာနှင့် စပ်တူလုပ်ဆောင်ပေးနေပါသည်။

မျက်နှာသစ် ဘောလုံးအသင်း : မျက်နှာသစ်ဘောလုံးအသင်းသည် အလယ်တန်းကျောင်းသားများအတွက် ဘောလုံးအသင်းဝင်များနှင့်အတူ ပုံမှန်အခွင့်အလမ်းများဖြစ်သော ပညာသင်ကြားမှု ကြွယ်ဝကောင်းမွန်ရေး၊ အပေါင်းအဖော်များ၏ ဝိုင်းဝန်းကူညီမှု၊ ဘောလုံးအားကစား လေ့ကျင့်ခြင်းနှင့် မိတ်ဆွေသူငယ်ချင်းခင်မင်မှုတို့ ရရှိနိုင်မည်ဖြစ်သည်။

လူငယ်ဦးဆောင်မှုအဖွဲ : ဦးဆောင်မှုအဖွဲ့သည် လူငယ်လူရွယ်များ ခေါင်းဆောင်များဖြစ်လာပြီး မိမိပတ်ဝန်းကျင်အရပ်ဒေသအတွက် ကောင်းမွန်သော ပြောင်းလဲခြင်းများ ပြုလုပ်နိုင်စေရန် စိတ်အားထက်သန်စေမည်ဖြစ်သည်၊ ထိုသို့လုံ့ဆော်ရာတွင် လိုအပ်သော ကိရိယာနှင့် ကျွမ်းကျင်မှုများကို ရယူနိုင်ပြီး စိတ်ပြင်းပြထက်သန်ခြင်းမှသည် လက်တွေ့တက်ကြွလှုပ်ရှားမှုသို့ပြောင်းလဲနိုင်ရန် ဖြည့်ဆည်းပေးသည်။

Drop-in Center ကူညီဝန်ဆောင်မှုစင်တာ : ကူညီဝင်ဆောင်မှုစင်တာမှ လူတစ်ဦးစီသီးသန့်ကူညီဖေးမခြင်းနှင့် ရွှေ့ပြောင်းခိုလှုံသူများ၏ ရပ်ရွာအတွက် လမ်းညွှန်မှုများ ပြုလုပ်ပေးပါသည် (အခြေခံ စာတတ်မြောက်ရေး၊ ကွန်ပျူတာသုံးစွဲမှု အခွင့်အလမ်း၊ အလုပ်လျှောက်ရာတွင် တင်ပြမည့် မိမိအရည်အချင်းမှတ်တမ်း ရေးသားခြင်း၊ အလုပ်လျှောက်လွှာများ၊ ကောလိပ်ကျောင်းလျှောက်လွှာများ)

အမျိုးသမီးများ၏ အပ်ချုပ်စကားဝိုင်း Women’s Sewing Circle : အမျိုးသမီးများ၏ အပ်ချုပ်စကားဝိုင်းသည် ရွှေ့ပြောင်းခိုလံှုသူ အမျိုးသမီးများ အလုပ်အသစ်လျှောက်ခြင်း၊ အင်္ဂလိပ်စာ လေ့ကျင့်ခြင်းနှင့် တစ်ဦးအပေါ်တစ်ဦးဖြစ်စေ မိမိကိုကူညီပေးသော လုပ်အားပေးများနှင့်ဖြစ်စေ လေးနက်သော ခင်မင်ရင်းနှီးမှု တည်ဆောက်ရာတွင်လိုအပ်သော တန်ဖိုးရှိသည့် အရည်အချင်းများလေ့လာနိုင်စေရန် နေရာအဖြစ် ဖန်တီးပေးသည်။

One&All : LEAP အသင်းနဲ့ တွဲဖက်ကာ One&All ဟုခေါ်သော အားလုံးအတွက် စီးပွားရေးစွမ်းဆောင်မှု အစီအစဉ်တစ်ခုသည် အသားအရောင်ရင့်ရင့်ရှိလူမျိုးများ၊ အမျိုးသမီးများ၊ ရွှေ့ပြောင်းခိုလံှုသူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အခြားသော ကိုယ်စားပြုခံရမှုလျော့နည်းသူများ၏ စီးပွားရေးလုပ်ငန်းအသေးများ ပိုင်ဆိုင်မှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းများအောင်မြင်မှု မြင့်တက်လာရေးအတွက် ရည်ရွယ်ချက်ထားရှိခြင်းဖြစ်သည်။

အလုပ်အကိုင်နှင့် ကောလိပ်ကျောင်းအတွက် ပြင်ဆင်ခြင်း : ကျွန်ုပ်တို့၏ အင်္ဂလိပ်စာ အစီအစဉ်နှင့် ပူးပေါင်းကာ အလုပ်အကိုင်နှင့် ကောလိပ်ကျောင်းပြင်ဆင်ခြင်း အစီအစဉ်မှ ကျောင်းသားများ အောင်မြင်မှုအတွက် အသင့်ပြင်ဆင်မှုများပြုလုပ်ရန်ကူညီပေးသည်။ ပါဝင်မည့် ခေါင်းစဉ်များမှာ ရည်မှန်းချက် ချမှတ်ခြင်း၊ အလုပ်အကိုင် လမ်းကြောင်းရှာဖွေခြင်း၊ လုပ်ငန်းအရည်အချင်းမီရန် ပြင်ဆင်ခြင်းနှင့် အင်တာဗျူးဖြေ လေ့ကျင့်ပေးခြင်း စသည့် အခြားသောလိုအပ်ချက်များလည်း ပါဝင်သည်။

တိုးတက်ကြီးပွားရေး ဘီဒို : ကျွန်ုပ်တို့၏ တိုးတက်ကြီးပွားရေး ဘီဒိုမှ အခမဲ့ရယူနိုင်သော ပစ္စည်းမျိုးစုံရှိပြီး အားလုံးသော အသစ်ရောက်လာသူ အိမ်နီးနားခြင်းများအတွက် ဖွင့်လှစ်ထားပါသည်။ ရယူနိုင်သည့် ပစ္စည်းများမှာ ကုတ်အင်္ကျ ီများ၊ လက်အိတ်များ၊ အိပ်ယာခင်းများ၊ စောင်များ၊ ရုံးသုံးဆိုင်ရာ ထောက်ပံ့မှုပစ္စည်း၊ သန့်ရှင်းရေးဆိုင်ရာ ထောက်ပံ့မှုပစ္စည်းများ စသည်တို့ဖြစ်သည်။ တာဝန်ရှိ ဝန်ထမ်းများမှ မိသားစုများသို့ ပစ္စည်းများ အချိန်မှန်မှန် အိမ်တိုင်ရာရောက်ပေးပို့လျက်ရှိသည်။

ကွန်ပျူတာအသုံးပြုမှု တတ်မြောက်ရေး : ဤကွန်ပျူတာအသုံးပြုမှု တတ်မြောက်ရေး အစီအစဉ်မှ ကွန်ပျူတာသုံး လေ့ကျင့်ခြင်း၊ အီးမေးလ်စစ်ခြင်း၊ အင်တာနက်နှင့် အင်တာနက်မှ တဆင့်လေ့လာခြင်းများကို ကမ်းလှမ်းသင်ပြပေးသည်။

ဘဏ္ဍာရေး တတ်ကျွမ်းမှု : ဤဘဏ္ဍာရေးတတ်ကျွမ်းမှု အစီအစဉ်မှာ အမေရိကန်နိုင်ငံရှိ ငွေကြေး စီမံအုပ်ချုပ်ရေးနှင့် မိမိအတွက် လုံလောက်စွာ ငွေကြေးသုံးစွဲနိုင်ရေးအတွက် ကူညီပေးပါသည်၊ ငွေချွေတာရေး၊ ဘဏ်အကြောင်း၊ စုငွေများအကြောင်း၊ အကြွေးဝယ်ဘဏ်ကဒ်များအကြောင်းနှင့် အီလက်ထရွန်နစ် ဘဏ်လုပ်ငန်းစနစ်အကြောင်းများကို ပိုမိုသိရှိနားလည်စေရန် ကူညီပေးသည်။

နိုင်ငံသားနှင့် ပြည်သူ့နီတိပါဝင်မှု : ဤ နိုင်ငံသားနှင့် ပြည်သူ့နီတိပါဝင်မှု အစီအစဉ်မှ သင်တန်းပို့ချခြင်း၊ တစ်ဦးတစ်ယောက်စီ လေ့ကျင့်ပြင်ဆင်ပေးသော နိုင်ငံသားစာမေးပွဲဖြေဆိုမှုနှင့် တက်ကြွပြီး တာဝန်ကျေသော နိုင်ငံသားတစ်ဦးဖြစ်လာနိုင်ရန် အရည်အချင်းများသင်ကြားခြင်းတို့ ပြုလုပ်ပေးပါသည်။